ကာယိ‌‌န္ဒြေထိပါးနှောက်ယှက်ခြင်းအကြောင်း သိကောင်းစရာ



 အမျိုးသမီးတွေရဲ့ ကာယိ‌‌န္ဒြေကို စော်ကားပြီး ပြောဆိုခံရတာမျိုးတွေ၊ အမူအရာနဲ့ပဲဖြစ်ဖြစ် တစ်ခုခုလုပ်ပြတာမျိုးကို ခံရတာကြောင့် အမျိုးသမီးတွေ စိတ်အနှောက်အယှက်ဖြစ်ရလေ့ရှိပါတယ်။ ရာဇသတ်ကြီးပုဒ်မ - ၅၀၉ မှာတော့ ဒါတွေကို အကာအကွယ်ပေးထားတာကို တွေ့ရမှာပါ။

ရာဇသတ်ကြီး ပုဒ်မ - ၅၀၉အရဆိုရင် -
အမျိုးသမီးတစ်ဦးဦးကို ကြားစေချင်/မြင်စေချင်တဲ့ အကြံအစည်နဲ့ ညစ်ညမ်းတဲ့ စကားကိုပြောဆိုတာ၊ အသံပြုတာ၊ သီချင်းဆိုပြတာ ၊ နောက်ပြောင်တာ ၊ ညစ်ညမ်းတဲ့ ဓါတ်ပုံတွေ ဒါမှမဟုတ် ကာတွန်းရုပ်ပြတွေပြတာ၊ အမူအရာတွေလုပ်ပြတာမျိုးတွေဟာ ကာယိ‌‌န္ဒြေစော်ကားခြင်း ဖြစ်တယ်လို့ အလွယ်မှတ်ထားလို့ ရပါတယ်။
အသံလုပ်ပြတာနဲ့ပတ်သက်ရင် တရွှတ်ရွှတ် ခေါ်တာမျိုး၊ စကားနဲ့ပတ်သက်ရင် “ဒီ‌‌‌ ‌စော်ကြီး ဘာဖြစ်တယ် /ညာဖြစ်တယ်”ဆိုတာမျိုး၊ အသားယူပြီးပြောတာမျိုး၊ မိန်းကလေးရဲ့ ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး မဖွယ်မရာ လှောင်ပြောင်တာမျိုးတွေလို့ အလွယ်မှတ်လို့ရပါတယ်။
အမူအရာလုပ်ပြတာတွေနဲ့ ပတ်သက်လို့ထပ်ပြီးရှင်းအောင် ဥပမာပြရမယ်ဆိုရင် ကိုယ်အင်္ဂါကို လှပ်ပြတဲ့ကိစ္စတွေ (ပုဆိုးလှန်ပြတာမျိုး) နဲ့ ၊မဖွယ်မရာ အမူအရာကိုလုပ်ပြတာတွေ ( -င်း-ု) ပြတာမျိုး၊ လက်ကိုဝိုင်းပြီး လက်ညှိုးထည့်ပြတာမျိုးတွေလို့အလွယ်မှတ်လို့ရပါတယ်။
ဒီလိုကာယိ‌‌န္ဒြေစော်ကားတဲ့ကိစ္စတွေမှာ လူအများရှေ့မှာစော်ကားတာမျိုးတွေအပြင် ကျူးလွန်ခံရသူအမျိုးသမီးတစ်ယောက်တည်းရှိနေချိန် ပြုလုပ်ပြတာတွေလဲ ပါပါတယ်။
ကာယိ‌‌န္ဒြေစော်ကားခြင်းကို ကျူးလွန်ရင်တော့ ရာဇသတ်ကြီးပုဒ်မ -၅၀၉ အရ တစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရနိုင်ပါတယ်။
ဥပဒေတွေက အလွယ်တကူ နားလည်အောင်ဖတ်ဖို့ ခက်ခဲနေတတ်ပါတယ်။ ဥပဒေနဲ့ အသက်မွေးနေသူတွေမဟုတ်ရင် ပုဒ်မတစ်ခုကို တခါတည်းနဲ့ အလွယ်တကူနားလည်အောင် ဖတ်ဖို့ရာ စာပိုဒ်တွေက ရှည်နေလို့ ပြီးအောင်ဖတ်ချင်သူ နည်းပါတယ်။ ဒါကြောင့် ကျွန်မတို့ သောင်ရင်းမယ်က အမျိုးသမီးတွေသိထားသင့်တဲ့ ဥပဒေပြဌာန်းချက်တွေကို လိုရင်းတိုရှင်းနားလည်လွယ်အောင် အရပ်သုံးစကားတွေနဲ့ပဲ ရှင်းပြတင်ဆက်ပေးသွားမှာဖြစ်လို့ Like & Share လုပ်ထားဖို့ မမေ့ပါနဲ့နော်။
ကာယိ‌‌န္ဒြေထိပါးနှောက်ယှက်ခြင်းအကြောင်း သိကောင်းစရာ ကာယိ‌‌န္ဒြေထိပါးနှောက်ယှက်ခြင်းအကြောင်း သိကောင်းစရာ Reviewed by Thaungyin Mae Institute on June 10, 2025 Rating: 5