ကာယိန္ဒြေပျက်အောင် လက်ရောက်မှု
ရာဇသတ်ကြီးပုဒ်မ - ၃၅၄ ရဲ့ အဓိကအရေးကြီးတဲ့အချက်တွေကတော့ ကျူးလွန်ခံရသူက မိန်းမဖြစ်ဖို့လိုပါတယ်။ အမျိုးသမီးသဘောတူညီချက်မရှိဘဲ လက်ရောက်မှုနဲ့ အနိုင်အထက်ပြု ကျူးလွန်ခံရရင် ဒီပုဒ်မနဲ့ ဆိုင်သွားပါပြီ။
ပုဒ်မ ၃၅၄ အရ ပြစ်မှုမြောက်ရင်တော့ နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရနိုင်ပါတယ်။
အမျိုးသမီးတစ်ဦးရဲ့ ခါးကို အလိုမတူဘဲ ဖက်လိုက်တာမျိုး၊ လက်ကို ဆွဲလိုက်တာမျိုးကလည်း ပြစ်မှုမြောက်စေပါတယ်။ ဒီနေ့ခေတ်ဆို ဘတ်စ်ကားတွေပေါ်မှာ မိန်းကလေးတွေကို မတော်တရော်ထိတာကိုင်တာမျိုးလဲပါပါတယ်။
မည်သူမဆိုလို့ပြဌာန်းထားတာဖြစ်တဲ့အတွက် ကျူးလွန်သူက မိန်းမအချင်းချင်းလဲ ဖြစ်နိုင်ပါတယ်။ ဥပမာ မိန်းမအချင်းချင်းရန်ဖြစ်ပြီး အင်္ကျီတွေ အ၀တ်အစားတွေ ဆွဲဖြဲလိုက်တာမျိုးဆိုရင် အင်္ကျီဆွဲဖြဲခံရတဲ့ မိန်းမရဲ့ ကာယိန္ဒြေကိုပျက်စီးစေတာဖြစ်တဲ့အတွက် ပုဒ်မ ၃၅၄နဲ့ စွဲဆိုခံရနိုင်တာပဲ ဖြစ်ပါတယ်။
သောင်ရင်းမယ်
ကာယိန္ဒြေပျက်အောင် လက်ရောက်မှု
Reviewed by Thaungyin Mae Institute
on
June 10, 2025
Rating:

Post a Comment