ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ (မုဒိမ်းမှုဆိုသည်မှာ)

 


မုဒိမ်းမှု ကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ အရ ထောင်ဒဏ်နှစ် (၂၀)ဖြစ်စေ၊ (၁၀)နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ အကြင်လင်မယား ဖြစ်နေပါစေ အမျိုးသမီးက အလိုမတူရင် အမျိုးသားကို (၂)နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံး ချမှတ်ရပါမယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၅ အရ [ကင်းလွတ်ချက်မှတပါး] အောက်က အချက်(၅)ချက်ကို ကျူးလွန်ရင် မုဒိမ်းမှုမြောက်တယ်ဆိုပြီး ပြဌာန်း ထားတာရှိပါတယ်။
အဲဒီအချက်တွေကတော့-
၁။ မိန်းမ/အမျိုးသမီးကအလိုမတူငြင်းဆန်လျှင်၊
၂။ မိန်းမ/အမျိုးသမီးက ခွင့်မပြုလျှင်၊
၃။ မိန်းမ/အမျိုးသမီးကခြိမ်းခြောက်ခံထားရလျှင်(သတ်ပစ်မယ်၊အသားနာအောင်လုပ်မယ်.စသည်)
၄။မိန်းမ/အမျိုးသမီး၏လင်/ယောက်ျားအဖြစ်အယောင်ဆောင်လိမ်လည်လျှင်(မိန်းမဖြစ်သူကတရား၀င်လက်ထပ်ယူထားသည့်လင်ယောကျ်ားဟုထင်မှတ်ပြီးခွင့်ပြုသော်လည်းထိုယောက်ျားမှာအဆိုပါ မိန်းမ၏ဥပဒေအရတရား၀င်လက်ထပ်ယူထားခြင်းမဟုတ်သည်ကိုသိနေပါလျက်ကာမ ဆက်ဆံလျှင်) (ဥပမာ- အမျိုးသား အပေါ့အလေးထသွားချိန်တွင် အခြားအမျိုးသားတစ်ဦးက ခြင်ထောင်ထဲဝင်ရောက်၍ လင်ယောက်ျားဟန်ဆောင်ကာ ကာမဆက်ဆံခြင်း)
၅။ မိန်းမ/အမျိုးသမီးက ခွင့်ပြုသည်ဖြစ်စေ၊ခွင့်မပြုသည်ဖြစ်စေ အမျိုးသမီးက အသက်(၁၆)နှစ် အောက် ဖြစ်နေလျှင် ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတာရှိတယ်။
ကင်းလွတ်ချက်မှာတော့- ယောကျ်ားက အမျိုးသမီးရဲ့အသက် (၁၅)နှစ်အောက်မဟုတ်တဲ့ (၁၆)နှစ်နဲ့ အထက် ကာမစပ်ယှက်ရင်(မိန်းမကသဘောတူခွင့်ပြုလျှင်)မုဒိမ်းမှုမမြောက်ပါဘူး။ မုဒိမ်းမှု ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာ အဓိကအချက်တွေထဲမှာလဲ ယောကျ်ားရဲ့ အင်္ဂါဇာတ်က မိန်းမရဲ့ အင်္ဂါဇာတ်အတွင်း သွင်း၀င်မိရင် ကာမစပ်ယှက်မှု/မုဒိမ်းမှုမြောက်ပါတယ်လို့ဆိုထားပါတယ်။ အကယ်၍ မိန်းမကရုန်းကန်တာကြောင့် သွင်း၀င်မိခြင်းမရှိရင် ကာမစပ်ယှက်ရန်/ မုဒိမ်းကျင့်ရန် အားထုတ်မှု မြောက်သွားပါမယ်။
အားထုတ်မှုအတွက်ပြစ်ဒဏ်ကတော့ မုဒိမ်းမှုအတွက် သတ်မှတ်ပြဌာန်းထားတဲ့(ထောင်ဒဏ်၊ ငွေဒဏ်၊ဒဏ်နှစ်ရပ်စလုံး) ပြစ်ဒဏ်ရဲ့ထက်၀က်ကို ကျခံရမှာဖြစ်ပါတယ်။ ပုဒ်မအရ ဆိုရင်တော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၇၆/၅၁၁ဖြစ်တယ်။
မုဒိမ်းမှုလို့ဆိုတဲ့အခါ အပေါ်မှာ ပြောထားခဲ့တဲ့အချက်(၅)ချက်ထဲမှ တစ်ချက်ချက်နဲ့လဲငြိမယ် ၊ ပြီးတော့ လင်မယားဘဲဖြစ်ဖြစ်၊ ပြည့်တန်ဆာအလုပ်လုပ်နေတဲ့ အမျိုးသမီးဘဲဖြစ်ဖြစ် ခွင့်ပြုချက်လဲမရ အလိုလဲမတူ အတင်းအဓမ္မ ကာမစပ်ယှက်တာမျိုးလုပ်မယ်ဆိုရင် အင်္ဂါဇာတ်အတွင်းသို့ ထိုးသွင်း တာမျိုးကို ပြုလုပ်မယ်ဆိုရင် မုဒိမ်းမှုကိုကျူးလွန်ရာရောက်ပါတယ်။
မုဒိမ်းမှုနှင့် ပတ်သက်ပြီး အများပြည်သူတို့ ဗဟုသုတအနေဖြင့် သိရှိနားလည်ထားရန် သောင်ရင်းမယ် အဖွဲ့သားများမှ ပြန်လည် မျှ‌‌ဝေခြင်းဖြစ်ပါကြောင်းနှင့် ၂၀၂၅နှစ်သစ်မှသည် ခပ်သိမ်းကုန်သော အမျိုးသားများ/ယောကျ်ားများ၊ အမျိုးသမီးများ/မိန်းမများတို့သည် မုဒိမ်းမှုဟူသည့် ပြစ်မှုမျိုး အဖြစ်မျိုး ကျူးလွန်ခြင်း၊ ကျူးလွန်ခံရခြင်းများမှ ကင်း‌ဝေးကြပါစေကြောင်း သောင်ရင်းမယ် အဖွဲ့မှ ဆုမွန်ကောင်းတောင်းလိုက်ရင်း Like&Shareလေးလုပ်ပေးဖို့ မမေ့ပါနဲ့နော်။
ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ (မုဒိမ်းမှုဆိုသည်မှာ) ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ (မုဒိမ်းမှုဆိုသည်မှာ) Reviewed by Thaungyin Mae Institute on June 10, 2025 Rating: 5